bg-img
product-img

Prohance-D အကြောင်း

Prohance-D က ဆီးချိုရောဂါရှိသူတွေအတွက် အာဟာရပြည့်စုံပြီး မျှတတဲ့ ဖော်မြူလာပါ။ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နဲ့ အဆီဓာတ်တို့မှ ရသော ကယ်လိုရီကို အချိုးကျ ပေါင်းစပ်ထားသောကြောင့် အကောင်းဆုံး glycaemic response (အစာစားပြီး သွေးထဲ အချိုဓာတ်အဖြစ် ပြောင်းလဲမှုပမာဏ)ကို ပေးပါတယ်။ ဒါက ဆီးချိုထိန်းဖို့ သင့်တော်တဲ့ စားသုံးမှုပုံစံ လိုက်နာဖို့ လိုအပ်သူတွေအတွက် အထူးဖော်စပ်ထားတာပါ။

Prohance-D က ဆီးချိုသွေးချိုရောဂါ ထိန်းချုပ်မှုမှာ မျှတတဲ့ အာဟာရကို ပေးနိုင်ဖို့ သင့်ပန်းကန်ပြားထဲက အစားအစာ အစားထိုးအနေဖြင့် စားသုံးနိုင်ပါတယ်။ ညနေစာ သရေစာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံနက်စာ ဒါမှမဟုတ် အိပ်ရာဝင်ချိန် သရေစာအဖြစ် တစ်ခွက်သောက်သုံးနိုင်ပါ တယ်။

Prohance-D က ကျန်းမာဖို့ ဥရောပ အစားအစာ စံချိန်စံညွှန်းအတိုင်း လုပ်ထားပါတယ်။ ဆေးဝါး၊ ဟော်မုန်း၊ စတီးရွိုက် မပါပါဘူး။ စားသုံးသူအနေနဲ့ ယုံကြည်စိတ်ချစွာ စားနိုင်ပါတယ်။

ဇယားကြည့်ရှုရန်

ဆီးချိုရောဂါထိန်းချုပ်ရာတွင် Prohance Dကို ယုံကြည်သင့်သော အကြောင်းပြချက် အနည်းငယ်ကို ပြောပြချင်ပါသည်။
သင် အစာစားသုံးခြင်းက ဂလူးကို့စ်အဆင့်ကို တိုက်ရိုက် သက်ရောက်မှုရှိစေပါသည်။ ထမင်းနှင့် သရေစာစားရာ တွင် ရရှိသည့် ကျန်းမာရေးနှင့် ညီညွတ်သော ကာဗိုဟိုက်ဒရိတ် ပမဏကို ကောင်းစွာ ထိန်းချုပ်ရမည်။ သို့ဖြစ်ရာ GI နည်းသော အစာများက ဆီးချိုလူနာတို့အတွက် ပထမဦးစား ပေးဖြစ်လာကြသည်။ ကာဗိုဟိုက်ဒရိတ်ပါသော အစာတစ်ခုက သွေးတွင်းဂလူးကို့စ်အဆင့်ကို မည်ကဲ့သို့ မြင့်တက်စေသည်ကို GI က တိုင်းတာသည်။ GI နည်းသော (၅၅ သို့မဟုတ် ၅၅ အောက်) အစာများကို ပိုမို ဖြည်းညင်းစွာ ချေဖျက်ရပြီး စုပ်ယူမှုလည်း နည်းပါသည်။ ထို့ကြောင့် သွေး တွင်းဂလူးကို့စ်အဆင့် နည်းနည်းနှင့် နှေးနှေးမြင့်တက်မှုကို သာ ဖြစ်စေပါသည်။ Prohance D က GI နည်းပါးသော ကုန်ပစ္စည်းဖြစ်ပြီး ဗနီလာအရသာအတွက် တန်ဖိုး ၃၇ ရှိပါသည်။ ထိုအချက်က ဆီးချိုရောဂါရှိသူတို့အတွက် သင့်တော်သော ရွေးချယ်မှုတစ်ခုပင် ဖြစ်ပါသည်။
ကာဗိုဟိုက်ဒရိတ်မြင့်မားသော အစာတစ်မျိုးက သွေးတွင်း သကြားဓာတ်ထိန်းချုပ်နိုင်ရန် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ထိုသို့ဖြစ်ခြင်းက ကျန်းမာရေးနောက်ဆက်တွဲပြဿနာဖြစ် စေသည့် အန္တရာယ်ကို မြင့်တက်စေနိုင်သည်။ ထို့ကြောင့် မျှတသော အစာစားခြင်းက သွေးတွင်း သကြားဓာတ်အ ဆင့်ထိန်းချုပ်ရန် အရေးကြီးပါသည်။ Prohance D ကို ကာဗိုဟိုက်ဒရိတ်မြင့်မားသော အစားအစာများအတွက် အစားထိုးအာဟာရအဖြစ် အသုံးပြုနိုင်သည်။ နေ့လယ်စာ သို့မဟုတ် ညစာကဲ့သို့သော အဓိကအစာမစားမီ Prohance D တစ်ကြိမ်စာပမာဏ စားနိုင်သည်။ တစ်နေ့တာ၏ ကယ် လိုရီရရှိမှုရည်မှန်းချက်ပေါ် မူတည်ပြီး Prohance D ကို အ ညွှန်းတွင် ဖော်ပြထားသည့်အတိုင်း စားသုံးနိုင်သည်။
Prohance D က အစားအစာဘေးကင်းမှုနှင့် အရည်အ သွေးမြင့်စံသတ်မှတ်ချက်များကို ရရှိစေသည်။ သိပ္ပံနည်းကျ စည်းမျဉ်းစည်းကမ်းများပေါ် အခြေခံပြီး ဖော်စပ်ထားသည်။ ပါဝင်ပစ္စည်းအားလုံးမှာ အရည်အသွေးမြင့် အစားအစာ ဟင်းသီးဟင်းရွက်အရင်းအမြစ်များဖြစ်ပြီး စားသုံးရန် ဘေးကင်းသည်။

run
blue-patch
product

ကာဗိုဟိုက်ဒရိတ်၊ အရည်အသွေးမြင့်ပရိုတင်း၊ နှလုံးအကျိုးပြုအဆီနှင့် ပျော်ဝင်အမျှင်ဓာတ်များ မျှတစွာ ပေါင်းစပ်ထား ပြီး အသက်ရှည်စေသော ဗီတာမင်များနှင့် သတ္တုဓာတ်များ ပါဝင်သဖြင့် သင့်တော်သော အာဟာရရရှိစေရန် Prohance Dကို ရွေးချယ်သင့်သည်။Prohance D ၅၀ ဂရမ်စာပမာဏတွင် မျှတသော စွမ်းအင် ၂၂၇ ကယ်လိုရီရရှိသည်။ ထို့ပြင် တစ်ခွက်စာပမာဏတွင် အရည်အသွေးမြင့်ပရိုတင်း ၁၀ဒသမ၁ ဂရမ်၊ ကောင်းသော အဆီ ၉ ဒသမ ၆ ဂရမ်၊ ဆီးချိုအကျိုးပြုကာဗိုဟိုက်ဒရိတ် ၂၃ ဒသမ ၁ ဂရမ်နှင့် အမျှင်ဓာတ် ၄ ဒသမ ၁ ဂရမ်တို့နှင့်အတူ မရှိမဖြစ် ဗီတာမင်များနှင့် သတ္တုဓာတ်များ ပါဝင်သည်။

run
blue-patch
product

ဖြည်းဖြည်းချင်း ထုတ်ပေးသော ကာဗိုဟိုက်ဒရိတ်၊ အိုက်ဆို မဲကျူးလို့စ်တို့ပါဝင်သဖြင့် အစာစားပြီးနာက် သွေးတွင်း သကြားဓာတ် ချက်ချင်းမြင့်တက်မှုကို လျှော့ချပေးနိုင်သည်။ သွေးတွင်း သကြားဓာတ်ထိန်းချုပ်သည့်နည်းဖြင့် သွေးတွင်း သကြားဓာတ်ထိုးတက်မှုကို လျော့ကျစေသည်။
ဒိန်ရည်၊ ပဲပိစပ်နှင့် ကေစင်ကဲ့သို့သော အရည်အသွေးမြင့် ပရိုတင်းဓာတ်များ ပါဝင်သဖြင့် ဆာလောင်မှုကို နှောင့်နှေး စေပြီး တစ်နေ့တာ ပရိုတင်းလိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်ပါသည်။
ပျော်ဝင်အမျှင်ဓာတ်များက စိတ်ကျေနပ်မှုပေးပြီး ဗိုက်ပြည့် တင်းစေသည်။ အမျှင်ဓာတ်များက သွေးတွင်း ကိုလက်စထ ရောထိန်းသိမ်းရာတွင် ကဏ္ဍတစ်ခုအဖြစ်လည်း လုပ်ဆောင်ပါသည်။
မရှိမဖြစ် ဗီတာမင်နှင့် သတ္တုဓာတ် ၂၇ မျိုးတို့နှင့်အတူ မိုနိုမပြည့်ဝဖက်တီးအက်စစ် (MUFA)ကဲ့သို့အဆီများပါဝင် သဖြင့် နှလုံးအတွက် ကောင်းမွန်ပါသည်။
ဆီးချိုရောဂါရှိသူတို့အတွက် မျှတသော စွမ်းအင်ပေးစွမ်းနိုင်ရန် သကြားမပါ၊ လက်တို့မပါ၊ ပြောင်းလဲဆီမပါ၊ ဂလူတင်ဓာတ် မပါဘဲ ပြီးပြည့်စုံသော သက်သတ်လွတ်ဖော်မြူလာဖြင့် ဖော်စပ်ထားသည်။

run
blue-patch
product
  • Prohance D က မြန်မြန်ဖျော်စပ်နိုင်သော ပုံစံဖြစ်အောင် ပြင်ဆင်ထားပါသည်။ သင့်တွင် လိုအပ်သည်မှာ ဇွန်း၊ မွှေခြင်းနဲ့ သောက်ခြင်းတို့ပင်။
  • သောက်ရေသန့်တစ်ဖန်ခွက်ထဲတွင် ရေ ၁၇၅ မီလီလီတာ ထည့်ပါ။
  • Prohance Dအမှုန့် ၅၀ ဂရမ်နှင့် ညီမျှသော ချင်ခွက် ၆ ဇွန်းစာပမာဏကို ဖြည်းညင်းစွာ ထည့်ပါ။
  • သမမျှတစွာ အဆက်မပြတ်မွှေပြီး ချက်ချင်းသောက်ပါ။
run
blue-patch
product

FAQ's

Prohance-D တစ်ဖန်ခွက်ကို အခန်းအပူချိန်အပြင်မှာ ဒါမှမဟုတ် ရေခဲသေတ္တာထဲမှာ ဘယ်လောက်ကြာကြာ ထားနိုင်သလဲ။

ပြင်ဆင်ထားတဲ့ Prohance-D ကို ချက်ချင်း သောက်သင့်ပါတယ်။ ဒါမှမဟုတ် တစ်နာရီအတွင်း သောက်သင့်ပါတယ်။ ဒါပေမဲ့ ရေခဲသေတ္တာထဲ သိမ်းရင် ၁၂ နာရီအတွင်း သောက်သင့်ပါတယ်။

Prohance-D က တခြားဆေးဝါးတွေနဲ့ တုံ့ပြန်မှုရှိပါသလား။

Prohance-D က တခြားဆီးချိုဆေးတွေနဲ့ တုံ့ပြန်မှုရှိတယ်လို့ မသိရှိရပါဘူး။

Prohance-D တစ်ဖန်ခွက်တည်း သောက်ရုံနဲ့ ဗိုက် မပြည့်ဘူး။ ၅၀ ဂရမ်ထက်ပိုပြီး သောက်လို့ရလား။

နေ့စဉ်လိုအပ်ချက်အတိုင်း Prohance-D ရဲ့ ပမာဏကို တိုးကောင်းတိုးနိုင်ပါတယ်။ ဒါပေမဲ့ စုစုပေါင်း ကယ်လိုရီ ရယူမှုကတော့ ထိန်းချုပ်ထားတဲ့ အနေအထားမှာ ရှိသင့်ပါ တယ်။ Prohance-D ရဲ့ ပမာဏကိုမတိုးမြှင့်ခင် ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။

Prohance-D က တခြားအစားအသောက်တွေနဲ့ တုံ့ပြန်မှုရှိပါသလား။

Prohance-D က တခြားအစားအသောက်တွေနဲ့ တုံ့ပြန်မှုရှိတယ်လို့ မသိရှိပါ။

Prohance-D ကို ဘယ်လောက်ကြာကြာ သောက်သုံးနိုင်ပါသလဲ။

Prohance-D က သင်စားသောက်တဲ့ အစာရဲ့ တစ်စိတ်တပိုင်း အမြဲတမ်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဆရာဝန် ဒါမှမဟုတ် အာဟာရပညာရှင်နဲ့ တိုင်ပင်ပါ။

Prohance-D ကို ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ အမျိုးသမီးတွေမှာ သောက်သုံးနိုင်ပါသလား။

ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေက အညွှန်းမှာပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သတိထား သင့်ပါတယ်။ တခြားအားဆေး(ကိုယ်ဝန်ဆောင်ဗီတာမင်နဲ့ သတ္တုဓာတ်အားဆေး)၊ နေ့စဉ် စားသုံးမှုနဲ့ ပေါင်းလိုက်ရင် ဒီ Prohance-D ရဲ့ သုံးစွဲမှုကို စဉ်းစားရပါမယ်။ ကိုယ်ဝန် ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေက Prohance-D ဟာ သူတိုရဲ့ နေထိုင်စားသောက်မှုပုံစံအပေါ် ဘယ်လိုအ ကောင်းဆုံး ဖြစ်စေနိုင်မလဲဆိုတာ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်သင့်ပါတယ်။

Prohance-D က ပရိုတင်းဖြည့်စွက်ဆေးလား။ တခြားကုန်ပစ္စည်းတွေနဲ့ ဘယ်လို ခြားနားပါသလဲ။

Prohance-D က ပရိုတင်းဖြည့်စွက်ဆေး မဟုတ်ပါဘူး။ Prohance-D က ဆီးချိုရောဂါရှိသူအတွက် မျှတတဲ့ စွမ်းအင်အားဖြည့်ဖော်မြူလာတစ်မျိုးပါ။ Prohance-D တစ်ထုပ်စာမှရတဲ့ အာဟာရဟာ ဖြည်းဖြည်းချင်းထွက်ရှိစေတဲ့ ကာဗိုဟိုက်ဒရိတ် (၂၃.၁ ဂရမ်)၊ ကောင်းတဲ့ အမျှင်ဓာတ် (၄.၁ ဂရမ်)၊ ပရိုတင်း (၁၀.၁ ဂရမ်)၊ နှလုံးအကျိုးပြုအဆီ (၉.၆ ဂရမ်)နဲ့ မရှိမဖြစ် အရေးပါတဲ့ ဗီတာမင် ၁၃ မျိုးနဲ့ သတ္တုဓာတ် ၁၄ မျိုး ပါဝင်ပါတယ်။ ပရိုတင်းဖြည့်စွက်ဆေးက ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များတဲ့ ဘဝနေထိုင်မှုပုံစံရှိသူတွေအတွက် ပိုသင့်တော်ပြီး ဆီးချိုရောဂါရှိသူတွေအတွက် အကျိုးမရှိနိုင်ပါဘူး။ ဒါက ဆီးချိုနဲ့ ဆက်စပ်တဲ့ ကျောက်ကပ်ထိခိုက်ခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါတွေမှာ ပရိုတင်းမြင့်တက်ခြင်းတွေမှာ မပေးသင့်ပါဘူး။

Prohance-D က ဘယ်လိုအရသာတွေနဲ့ ရနိုင်သလဲ။

Prohance-Dက ဗနီလာအရသာနှင့် ၄၀၀ ဂရမ်အထုပ်တွေနဲ့ ရနိုင်ပါတယ်။

Prohance-D ကို ဆီးချိုအကြိုရှိသူတွေမှာ သုံးစွဲနိုင်ပါသလား။

ဟုတ်ကဲ့။ GI နိမ့်ပြီး သကြားမပါတဲ့ အစာလိုအပ်တဲ့ ဘယ်သူမဆို Prohance-D ကို သုံးစွဲနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် ထိုးတက်မှုအနည်းဆုံးဖြစ်အောင် ကူညီဖို့ အထူးဖော်စပ်ထားတာပါ။ ဆီးချိုထိန်းချုပ်ရေးအနေနဲ့ ထမင်းအစားထိုး ဒါမှမဟုတ် သရေစာအစားထိုး စားရင် ကိုယ်အလေးချိန်ထိန်း ပေးပါတယ်။ သင့်ဆရာဝန်/အာဟာရပညာရှင်က အသင့်တော်ဆုံး ပမာဏကို ပေးပါလိမ့်မယ်။

ကျွန်တော့်မှာ ဆီးချိုရောဂါမရှိပါဘူး။ Prohance-D ကို သုံးစွဲလို့ ရနိုင်မလား။

Prohance-D က GI နိမ့်တဲ့ အစာလိုအပ်သူတိုင်း သုံးစွဲဖို့ ရည်ရွယ်ထားပါတယ်။ ဆီးချိုမရှိသူတွေအနေနဲ့ Prohance-D ကို သုံးစွဲကောင်း သုံးစွဲနိုင်ပါတယ်။ ဒါပေမဲ့ စုစုပေါင်းကယ်လိုရီရယူမှုကတော့ ပြောင်းလဲနိုင်ပါတယ်။ သင့်ခန္ဒာကိုယ်အတွက် လိုအပ်တဲ့ ကယ်လိုရီပမာဏရဖို့ Prohance-D မသုံးစွဲခင် အာဟာရပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။

Prohance-D မသုံးစွဲခင် ထမင်းကို ဖြတ်ထားနိုင်ပါသလား။

ထမင်းတစ်နပ်စာ မစားဘဲ နေတာက သင်ရဲ့ အာဟာရလိုအပ်ချက်ကို ဟန့်တားစေပါတယ်။ ဒါပေမဲ့ ဒီချို့တဲ့မှုကို Prohance-D က ဖြည့်တင်းပေးနိုင်ပါတယ်။ ထမင်းတစ်နပ်မစားဘဲနေတာက ဆီးချိုရောဂါရှိသူအတွက် စိတ်ကူးကောင်းမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဆီးချိုကျခြင်းနဲ့ တခြားနောက်ဆက်တွဲ ပြဿနာတွေ ဖြစ်စေနိုင်လို့ပါ။ မျှတတဲ့ အစာတွေအစား ကျန်းမာရေးနဲ့ မင်္ညတဲ့ အစာတွေ စားတာကလည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ သင်က မရှောင်လွှဲနိုင်တဲ့ အခြေအနေမှာ အစာကို ကောင်းကောင်းမစားနိုင်ရင် ဆရာဝန်/အာဟာရပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။ Prohance-D က ဆီးချိုထိန်းချုပ်မှုမှာ တစ်စိတ်တပိုင်းအဖြစ် ယူနိုင်ပါတယ်။ ဒါပေမဲ့ GI နိမ့်ပြီး သကြားမပါတဲ့ ဖော်မြူလာကို လိုချင်တဲ့သူတွေအနေနဲ့ တစ်နေ့ ၅၀ ဂရမ် Prohance-D ကို သုံးစွဲနိုင်ပါတယ်။

ဘယ်လောက်ပမာဏ အစာတွေကို Prohance-D နဲ့အတူ စားသင့်သလဲ။

Prohance-D က နေ့စဉ်စားတဲ့ အစားအသောက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်။ သင်စားနေကျ အစာရဲ့ အစိတ်အပိုင်းကို ဖြည့်တဲ့နည်းနဲ့ ဒါကို သုံးစွဲရင် ကယ်လိုရီရယူမှုဟန်ချက်ညီဖို့ စားတဲ့ အစာပမာဏကို လျှော့ချသင့်ပါတယ်။ သင့်ဆရာဝန်/အာဟာရပညာရှင်နဲ့ အာဟာရပြောင်းလဲမှုအကြံဉာဏ်ရဖို့ တိုင်ပင်ပါ။ သင့်ခန္ဒာကိုယ်လိုအပ်ချက်နဲ့ Prohance-D ရဲ့ အာဟာရတန်ဖိုးကို ထည့်သွင်းစဉ်းစားပြီး နောက် သူတို့က အကြံပေးပါလိမ့်မယ်။

Prohance-D က ၁၀၀ ရာခိုင်နှုန်း သက်သတ်လွတ်လား။

ဟုတ်ပါတယ်။ Prohance-D က ၁၀၀ ရာခိုင်နှုန်း သက်သတ်လွတ်ပါ။

ကျွန်တော်က သွေးတွင်းဂလူးကို့စ်ကျခြင်းကို ခံစားနေရ ပါတယ်။ Prohance-Dကို သုံးစွဲနိုင်ပါသလား။

Prohance-D က စွမ်းအင်ဖြည်းဖြည်းချင်းပေးတဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်တာကြောင့် စွမ်းအင်ကို အဆက်မပြတ်ပေးပါတယ်။ ဒီဖော်မြူလာက သွေးတွင်း သကြားဓာတ်ကျတာကို မတိုးစေပါဘူး။ ဒါပေမဲ့ သင့်ခန္ဒာကိုယ်ရဲ့ လိုအပ်ချက်အခြေခံတဲ့ မှန်ကန်တဲ့ ပမာဏရဖို့ ဆရာဝန်/ အာဟာရပညာရှင်ကို အမြဲ တိုင်ပင်ပါ။

Prohance-D မှာ အဆီဓာတ်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီအဆီတွေက နှလုံးအတွက် မကောင်းဘူးလို့ ကျွန်တော် ကြားဖူးပါတယ်။

အဆီအားလုံးက မကောင်းတာတော့ မဟုတ်ပါဘူး။ မကောင်းတဲ့ အဆီတွေက ပြည့်ဝဆီနဲ့ ပြောင်းလဲဆီတွေဖြစ်ပြီး ထောပတ်၊ ဒိန်ခဲ၊ စားအုန်းဆီ စတာတွေမှာ တွေ့ရပါတယ်။ Prohance-Dမှာ နှလုံးအကျိုးပြု မပြည့်ဝဆီ (MUFA) ပါဝင်ပါတယ်။

ကျွန်တော့်မှာ ဆီးချိုရောဂါနဲ့ နှလုံးရောဂါရှိပါတယ်။ Prohance-D က ကျွန်တော့်ကို ဘယ်လို ကောင်းကျိုးဖြစ်စေနိုင်ပါသလဲ။

Prohance-D မှာ ပါတဲ့ ပါဝင်ပစ္စည်းတွေက နှလုံးအတွက် ကောင်းပါတယ်။ ပျော်ဝင်အမျှင်ဓာတ်တွေ ပါပြီး ခန္ဒာကိုယ်ကနေ နှလုံးအကျိုးမပြု မကောင်းတဲ့ ကိုလက်စထရော စုပ်ယုူမှုကို ဟန့်တားပါတယ်။ MUFA လို မပြည့်ဝဆီတွေက ထရိုင်ဂလစ်စရိုက်ပမာဏ လျော့ကျစေတဲ့နည်းနဲ့ နှလုံးကို အကျိုးပြုပါတယ်။

GI နည်းတယ်ဆိုတာ ဘာကို ဆိုလိုပါသလဲ။ ဘာကောင်းကျိုးရှိပါသလဲ။

GI ဆိုတာ အချိူဓာတ်မြင့်တက်မှုအညွှန်းကိန်းဖြစ်ပြီး စားတဲ့အစာတွေက သွေးထဲ ဂလူးကို့စ်ပမာဏ ဘယ်လောက် မြင့်တက်သလဲဆိုတာ ပြပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစာတစ်မျိုးက သွေးတွင်းဂလူးကို့စ်အဆင့်ကို ဘယ်လို မြင့်တက်စေသလဲဆိုတာ တိုင်းတာပါတယ်။ GI နိမ့်တဲ့ အစာ (၅၅ နဲ့အောက်) ဟာ အစာကို ဖြည်းဖြည်းချင်း ကြေလွယ်စေပြီး စုပ်ယူမှုကောင်းကာ ချေဖျက်နိုင်စွမ်း ရှိပါတယ်။ သွေးတွင်း သကြားဓာတ်ကို ခပ်နှေးနှေးနဲ့ မြင့်တက်စေပြီး အင်ဆူလင်ထုတ်လွှတ်မှုနည်းစေပါတယ်။ Prohance-D က ဗနီလာအရသာ GI တန်ဖိုး ၃၇ ပဲ ရှိတဲ့ GI နိမ့်အစာဖော်မြူလာပါ။

Prohance-D ကို ဘယ်အချိန်မှာ မှီဝဲရင် အကောင်းဆုံးလဲ။

Prohance-D တစ်ခွက်ကို နံနက်စာ၊ နေ့လယ်စာ၊ ညစာလို အဓိက အစာတွေမှာ တစ်နေ့တာအစာရဲ့ အစာထိုးအနေနဲ့ သုံးစွဲနိုင်ပါတယ်။ ညနေသရေစာ ဒါမှမဟုတ် ညအိပ်ရာဝင်ချိန်မတိုင်ခင် ဆရာဝန်/ အာဟာရပညာရှင်ညွှန်ကြားတဲ့အတိုင်း သုံးစွဲနိုင်ပါတယ်။ တစ်နေ့တာ ကယ်လိုရီရယူမှုလိုအပ်ချက်ပေါ် မူတည်ပြီး အညွှန်းကို ဖတ်ကာ Prohance-Dကို သုံးစွဲနိုင်ပါတယ်။

Prohance-D ရဲ့ အာဟာရတန်ဖိုးက ဘာတွေဖြစ်မလဲ။

Prohance-D တစ်ခွက်စာပမာဏမှာ ပါဝင်တဲ့ အာဟာရ ဓာတ်တွေကတော့ ဆီးချိုရောဂါရှိသူတွေအတွက် အကောင်းဆုံးစွမ်းအင် ၂၂၇ ကီလိုကယ်လိုရီ၊
အရည်အသွေးမြင့် ပရိုတင်း ၁၀.၁ ဂရမ်၊ အဆီ ၉.၆ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၂၃.၁ ၈ရမ်၊ အမျှင်ဓာတ် ၄.၁ ဂရမ်၊ ဗီတာမင် ၁၃ မျိုးနဲ့ သတ္တုဓာတ် ၁၄ မျိုး၊ ကာနီတင်း၊ ကိုလင်း၊ အင်နောက်ဆီတောနဲ့ တော်ရင်းလို အရေးကြီး အာဟာရဓာတ်တွေ ပါဝင်ပါတယ်။