ကိုယ်ရေးအချက်အလက်မူဝါဒ

 

Sun Pharmaceutical Industries Limited သည် အင်တာနက်ပေါ်တွင် သင်၏ ကိုယ်ရေးအချက်အလက်များကို သတိထားဆင်ခြင်ရန် အားထုတ်ထားပါသည်။ Sun Pharmaceutical Industries Limited သည် အင်တာနက်ပေါ်မှရရှိသော သင်၏အချက်အလက်များကို အခြေအနေအချိန်အခါနှင့်လိုက်လျောညီထွေစွာ ဂရုတစိုက်ဖြင့် ပြုမူဆက်ဆံရန် အားထုတ်မည်ဖြစ်ပါသည်။ Sun Pharmaceutical Industries Limited သည် သင်၏အချက်အလက်များကို ကုမ္ပဏီဝက်ဘ်ဆိုဒ်အသုံးပြုမှုကို တိုင်းတာရန်နှင့် ၀က်ဘ်ဆိုဒ်၏ အကြောင်းအရာများမြှင့်တင်ရန် ရည်ရွယ်ချက်အတွက်သာ အသုံးပြုပါသည်။ စုဆောင်းရရှိသောပုဂ္ဂလိကအချက်အလက်များကို သင်၏စုံစမ်းမေးမြန်းမှုကို တုံ့ပြန်ရန် ၊ အော်ဒါလုပ်ငန်းဆောင်တာလုပ်ဆောင်ရန် သို့မဟုတ် တိကျသောအချက်အလက်များကို သင့်ကိုပေးရန်နှင့် ခွဲခြမ်းစိတ်ဖြာသုတေသနရည်ရွယ်ချက်များ သို့မဟုတ် စည်းမျဉ်းဥပဒေလိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက်သာ အသုံးပြုပါသည်။ အချက်အလက်ပေးကမ်းထားသော လူများ၏ အီးမေးလ်လိပ်စာများကို ကျွန်ုပ်တို့နှင့်တူညီသော သို့မဟုတ် ပိုမိုကောင်းမွန်သော ကိုယ်ရေးအချက်အလက်မူဝါဒရှိသော အခြား Sun Pharmaceutical Industries Limited ကုမ္ပဏီများနှင့် အခါအားလျော်စွာ ဝေမျှအသုံးပြုကောင်းပြုနိုင်ပါသည်။
ဤ Sun Pharmaceutical Industries Limited ၀က်ဘ်ဆိုဒ်သည် အခြားဆိုဒ်များနှင့်ချိတ်ဆက်ထားသော လင့်ခ်များပါ၀င်ပါသည်။ ကျွန်ုပ်တို့၏ မြင့်မားသောအဆင့်အတန်းနှင့် ကိုက်ညီပြီး ကိုယ်ရေးအချက်အလက်ကိုလေးစားသော ၀က်ဘ်ဆိုဒ်များနှင့်သာ ချိတ်ဆက်ရန်ကြိုးစားထားသော်လည်း ထိုအခြားဆိုဒ်များမှကျင့်သုံးသော အကြောင်းအရာ သို့မဟုတ် ကိုယ်ရေးအချက်အလက်မူဝါဒအလေ့အထများနှင့်ပတ်သက်၍ ကျွန်ုပ်တို့တွင် တာဝန်ရှိမည်မဟုတ်ကြောင်း သိစေအပ်ပါသည်။